ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းဝယ်ယူလိုသူများ လျှောက်လွှာများဖြင့် လျှောက်ထားနိုင်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူလိုသူများ အနေနဲ့ လျှောက်လွှာတင်သွင်း၍ ဝယ်ယူ‌နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

ဝယ်ယူလိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်၍ လျှောက်လွှာများ ဝယ်ယူလျှောက်ထား နိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသော အိမ်ခန်းများကို နေရေးအခက်အခဲရှိသည့် ဝင်ငွေနည်းပြည်သူများအား ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အိမ်ခန်းလျှောက်လွှာများအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးရုံး၊ မြေညီထပ်(Yangon City Gallery)မှာ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အဆိုပါလျှောက်လွှာများကို သတ်မှတ်ပုံစံအတိုင်းဖြည့်သွင်းပြီး ဖေဖော်ဝါရီလ ၂၅ ရက် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။

တင်ပြလာတဲ့လျှောက်လွှာများအား စိစစ်၍ ဝယ်ယူခွင့်ရရှိသူများအား အကြောင်းပြန်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN