ညောင်ဦးမြို့တွင် အမည်မသိ အမျိုးသား အလောင်း ၂ လောင်းတွေ့ရှိ


(မှုခင်း) ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ညောင်ကြီးကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က လူသေအလောင်း ၂ လောင်းတွေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဥ်မှာ ကမ္ဘားနီးကျေးရွာအုပ်စု၊ ညောင်ကြီးကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်၊ ညောင်ဦး-ငါ့သရောက်သွားကားလမ်း မြောက်ဘက်ကိုက် ၁၀၀ ခန့်အကွာ၊ဒေသအခေါ် ဇီးအိုချောင်းအတွင်း ချောင်းရိုး၏တောင်ဘက် ကမ်းပါးယံ ရှားပင်အောက်တွင် ပက်လက်အနေအထား၊ တောင်ဘက်သို့ ခေါင်းပြု၍ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ခန္ဓာကိုယ်တစ်ခု လုံးမီးလောင်ကျွမ်းထားသည့် ခန္ဓာကိုယ်ဝ အမျိုးသားအလောင်း ၁ လောင်းအားတွေ့ရှိရပြီး အဆိုပါအလောင်း၏ အနောက်ဘက်ပေ ၄၀ ခန့်အကွာ၊ ရှားပင် အောက်တွင် ပက်လက်အနေအထားဖြင့် ဗိုက်အူပွင့်လျက် အရှေ့ဘက် ခေါင်းပြု၍ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မီးလောင်ကျွမ်းထားသည့် အမည်မသိ၊ ခန္ဓာကိုယ်ပိန် အမျိုးသားအလောင်း ၁ လောင်းတို့အားတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN