(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၀

ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်းဖြင့် ပနားမားနှင့်တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေး လျော့ပါးစေရန် အမေရိကန်၏ကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကျောင်ကျီယွမ် က ပြောသည်။
တရုတ်နှင့်ပနားမားနိုင်ငံတို့၏ ဆက်ဆံရေး သည် အခြားမည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်း မရှိသောကြောင့် မည်သည့်နိုင်ငံကမျှ ပျက်ပြားအောင် မလုပ် ဆောင်သင့်ကြောင်းနှင့် တရုတ်-ပနားမား နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်၌ ဆက်လက် ထားရှိခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်ကြောင်း ကျောင်က တရုတ်နိုင်ငံဆိုင်ရာ ပနားမား သံအမတ်ကြီး မီဂူးလီကာနိုနှင့် ဖေဖော်ဝါရီလ ၈ ရက်က တွေ့ဆုံစဉ်ပြောကြားခြင်း ဖြစ်သည်။
ပနားမားနိုင်ငံသည် တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative – BRI) မှ တရားဝင်နုတ်ထွက်ကြောင်း ပနားမားသမ္မတ ဟိုဆေးရာ အူးမူလီနိုက ဖေဖော်ဝါရီလ ၇ ရက်တွင် ပြောကြားခဲ့ သည်။
ထို့ပြင် BRI စီမံကိန်းမှ ပနားမား နုတ်ထွက်ရခြင်းသည် နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့စ် ရူဘီယို၏ခရီးစဉ်နှင့် သက်ဆိုင်မှုမရှိဟု ၎င်းက ငြင်းဆိုထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် ပနားမားတူးမြောင်းကို ပနားမားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သော် လည်း ယင်းတူးမြောင်းကို တရုတ်နိုင်ငံက လည်ပတ်လျက်ရှိသောကြောင့် အဆိုပါ တူးမြောင်း အား အမေရိကန်၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိစေရန် အလိုရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်
။ အမေရိကန်အစိုးရ ၏ အဆိုပါ ပြောဆိုစွပ်စွဲချက်နှင့် ပနားမားတူးမြောင်းကို အမေရိကန်က ပိုင်ဆိုင်သင့်သည်ဟူသော ထရမ့်၏ပြောဆိုမှုကို ပနားမားသမ္မတ က ငြင်းဆိုခဲ့ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews