ဒေါပုံမြို့မရဲစခန်းတွင် အချုပ်ဖောက်ပြေးမှုဖြစ်ပွား


(မှုခင်း) ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒေါပုံမြို့မရဲစခန်းတွင် ယမန်နေ့နံနက်ပိုင်းက အချုပ်သားများ အချုပ်ခန်းဖောက်ပြေးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဒေါပုံမြို့မရဲစခန်းတွင် ရဲစခန်းအချုပ်အား တာဝန်မှူး မှ စစ်ဆေးစဉ် အမျိုးသားအချုပ်ခန်းယာဘက်ထောင့် နှစ်တိုင်မြောက် သံတိုင်အား အရှည်(၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့်ဖြတ်ကာ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာအားဖြုတ်၍ အချုပ်သား ၄ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

လွတ်မြောက်သွားသူများမှာ ဒေါပုံမြို့မရဲစခန်း၊ မယ(ပ)၂/၂၀၂၅၊ မယ(ပ)၃/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်ဖြင့် ချုပ်နှောင်ထားရှိသည့် တရားခံ သူရဇော်(ခ)အောင်ရဲလင်း၊ ၂၄ နှစ်၊ နွယ်အေးရပ်ကွက် ဒေါပုံမြို့နယ်နေသူနှင့် တရားခံ ဝေယံအောင်(ခ)သင်္ဘောသီး၊ ၃၃ နှစ်၊ မေတ္တာလမ်း ဗိုလ်ထွန်းဇံရပ်ကွက် ဒေါပုံမြို့နယ်နေသူ ဒေါပုံမြို့မရဲစခန်း (ပ)၆၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်၅၄ အမှုမှ ရမန်ဖြင့် ချုပ်နှောင်ထားရှိသည့် တရားခံ ညီညီခန့်(ခ)အသေးလေး၊ ၂၀ နှစ် ဗိုလ်လရောင်လမ်း၊ ကြည်စုရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူနှင့် ကလေးသူငယ်တရားခံ ခန့်ထည်ဝါထွန်း၊ ၁၇ နှစ် ဇောတိကလမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူ (၄)ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားခဲ့သူများအား ပြန်လည်ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN