
(ပြည်တွင်း)ဖေဖော်ဝါရီ ၇
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ် ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများကို ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်း နှင့်ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံ သားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ် နိမိတ်အတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြ သူများဖြစ်ကြောင်း တွေ့ရှိရပြီး နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည် နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံ သား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုး ပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံ သား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယ နိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား ဖော်ထုတ်ရရှိသဖြင့် လိုအပ်သည့် စစ်ဆေး မှုများပြုလုပ်ခဲ့ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား နေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များထံသို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
၎င်းတို့အား စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ကွန်ပျူတာနှင့်ပတ် သက်သည့် လုပ်ငန်းများ၊ ဘာသာပြန်လုပ်ငန်းများအား လစာငွေအများအပြားဖြင့် လုပ် ကိုင်ရမည်ဟု အွန်လိုင်းမှတဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်း ခံခဲ့ရကြောင်း၊ ထို့နောက် သက် ဆိုင်ရာနိုင်ငံအသီးသီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လည်းကောင်း၊ ၎င်းမှတဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦးရောက်ရှိကြပြီး တရားမဝင်ကျားဖြန့်လုပ်ငန်းမှ ကိုယ်စားလှယ်များက ထိုင်း- မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင် ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
#PAN