ကနီက PDF တွေရဲ့အထိုင်စခန်းကို စက်တပ်လေထီး paramotor နဲ့ တက်ပစ်လို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

(ပြည်တွင်း) ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဆူးလေကုန်းကျေးရွာက PDF အထိုင်စခန်းတစ်ခုကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက တပ်မတော်ရဲ့ စက်တပ်လေထီး Paramotor က ဝင်ရောက်ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆူးလေကုန်းစံပြရွာက PDF အထိုင်စခန်းကို ဒီနေ့မနက် ၁ နာရီခန့်က စက်တပ်လေထီး Paramotor ယာဉ်ငယ် နှစ်စီးနဲ့ ဗုံးကျဲပစ်ခတ်မှု ပြုလုပ်ခဲ့လို့ PDF တွေစခန်းလုပ်ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ သူတို့အသုံးပြုနေတဲ့ ကားတစ်စီး ရွာရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ စခန်းတစ်ခု ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စက်တပ်လေထီး Paramotor ယာဉ်ငယ် နှစ်စီးနဲ့ ဗုံးကျဲပစ်ခတ်မှုကြောင့် PDF အကြမ်းဖက်တစ်ဦးသေဆုံးပြီး သေဆုံးသွားသူဟာ ဘုတလင်ကနေရောက်ရှိနေသူသဖြစ်တယ်လို့ သိရပြီး နောက်ထပ် အကြမ်းဖက်သမားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဆူးလေကုန်းရွာမှာ PDF အကြမ်းဖက်သမားတစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲတစ်ခု လုပ်ဖို့ရှိနေတယ်လို့လည်း သိထားရပြီး နေ့ရက် အချိန်နဲ့နေရာကိုတော့ သိရှိထားတာမရှိသေးဘူးလို့လည်း သတင်းအရင်းအမြစ်က ပြောဆိုထားပါတယ်။

#PAN #Paramotor #ကနီ #PDF #စက်တပ်လေထီး