(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်နေပြီး ကချင်လက်နက်ကိုင်သောင်းကျန်းသူတွေအကျအဆုံးများပြားနေတာကြောင့် မြို့ကို ဆက်လက်တိုက်ခိုက်နိုင်ဖို့ အင်အားသစ်နဲ့လက်နက်ခဲယမ်းတွေစုဆောင်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလိုစုဆောင်းတဲ့နေရာ ကချင်ပြည်နယ်မှာရှိတဲ့ KBCအသင်းက ဓမ္မဆရာတွေကစုဆောင်းပေးနေတာရှိတယ်လို့ ဒေသခံတစ်ဦးစီက သိရပါတယ်။
“ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ KIA PDF တွေ စကခ ၂၁ ကိုသိမ်းနိုင်ဖို့အတွက်လူသူလက်နက်စုဆောင်းနေပြီး သူတို့ကိုလူအင်အားစုဆောင်းပေးနေတဲ့အဖွဲ့တွေဟာ KBC အသင်းက ဓမ္မဆရာတွေဖြစ်တယ်လို့သိရတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်က ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြိုတွင်းအဝင်၊ အထွက်တွေကို နှစ်ဖက်အဖွဲ့တွေက ပိတ်ထားတဲ့အတွက် မြိုတွင်းမှာ ကျန်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း မြိုခံတွေက ပြောပါတယ်။
ပြီးခဲ့သတဲ့ ဇန်နဝါရီလ (၂၈)ရက်နေ့က စတင်ကာ ဗန်းမော်မြိုတွင်း အဝင်၊ အထွက်တွေကို ပိတ်ထားလိုက်တဲ့အတွက် အိမ်စောင့် ကျန်ရှိနေသူတွေနဲ့ မံစီ၊ မိုးမောက်ဘက်က တိုက်ပွဲရှောင်လာတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေးပါ ခက်ခဲနေတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews