တပ်မတော်(ရေ)မှ ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား ကူညီကယ်ဆယ်


(ပြည်တွင်း) ဖေဖော်ဝါရီလ ၆ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား ကူညီကယ်ဆယ် ပေးခဲ့ကြောင်း သိရသည်။

ဂွမြို့၏ အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိုင်းမှ သတင်းရရှိ၍ ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေအနီးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လှေပေါ်တွင်လိုက်ပါလာသော လှေသား ၅ ဦးအား ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN