(ပြည်တွင်း) ဧပြီ ၁၇
၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် အကျဉ်းထောင်မှ အကျဉ်းသား/သူ စုစုပေါင်း ၂၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၄၀/၂၀၂၆) နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၁(၁) အရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အမျိုးသားအကျဉ်းသား ၁၉ ဦးနှင့် အမျိုးသမီးအကျဉ်းသား ၃ ဦး ပါဝင်ကြောင်း သိရသည်။
လွတ်မြောက်လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သော စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အကျဉ်းသားတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အနှံ့အပြားတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN