(နိုင်ငံတကာ) ဖေဖော်ဝါရီ ၅

ယူကရိန်းအနေဖြင့် အမေရိကန်၏အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို အမေရိကန် ပြည်ထောင်စုသို့ ပေးအပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။
ယူကရိန်းအစိုးရအနေဖြင့် အမေရိကန်အစိုးရသစ်နှင့်သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ် နေပြီး မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်နိုင်ရေးကို အာမခံပေးရန် လိုအပ်လျက်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီလ ၃ ရက်တွင် သတင်းထောက်များကို ပြောကြားခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံသည် အဖိုးတန်သည့် မြေရှားသတ္တုများကို ပိုင်ဆိုင်ထားပြီး အဆိုပါ အရင်းအမြစ်များကို ရရှိ နိုင်ရေးအတွက် အမေရိကန်က ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် ယူကရိန်းနိုင်ငံသည် ကာကွယ်ရေး၊ အဆင့်မြင့် နည်းပညာနှင့် green စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပါသော ကုန်ကြမ်းများကို အဓိက တင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သော အလားအလာရှိကြောင်း ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရ က ယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများကို ရပ်တန့်ပစ်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးရန် တောင်းဆို မည့် အလားအလာရှိကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews