(ပြည်တွင်း) ဖေဖော်ဝါရီ ၄

အွန်လိုင်းလောင်းကစားမှုတွေအပြင် မူးယစ်ဆေးဝါးကိစ္စတွေနဲ့ အခြားဒုစရိုက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူတွေ ပတ်သက်နေမှုရှိနေရင် အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်လို့ အလေးထားလိုက်နာ ဆောင်ရွက်သွားကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေတွေအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ မိမိတို့ဒေသတွေအတွင်းမှာ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ အခြားဒုစရိုက်လုပ်ငန်းတွေ မရှိစေဖို့နဲ့ မဖြစ်ပေါ်စေဖို့ ဖော်ထုတ်အရေးယူတာတွေကို မဖြစ်မနေ တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားနဲ့ ကိုင်တွယ်ဆောင်ရွက်သွားကြဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တွေကို ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ မှာကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြုပြီး နိုင်ငံတော်မှာ အခက်အခဲတွေဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုခဲ့ပြီး နိုင်ငံတကာမှာလည်း အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကိစ္စနှင့်ပတ်သက်ပြီး အာရုံစိုက်မှုရှိလာတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုလိုက်ထားတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews