(မှုခင်း) ဖေဖော်ဝါရီ ၄

ဇန်နဝါရီ ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြိုင်-ပခုက္ကူ ကားလမ်းအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၆၀၂ တန်၊ အခြားသစ် ၀ ဒသမ ၅၄၉ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၅၀၀၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Canter Truck တစ်စီး၊ Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၂၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂ ရက်တွင် မွန်ပြည်နယ်၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၄၇၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ် ဖားအောက်ရပ်ကွက် ကော့ခမယ်လမ်းမ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၆၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၅၄၇၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၃ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းစပ်၊ ၉၂၉ ရေဆိပ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) ၇၃ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၉၆၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို ကံတလူပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀)ကို ပိုကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၉၆၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်သစ်မာ ၂ ဒသမ ၉၀၈ တန်၊ အခြားသစ် ၀ ဒသမ ၄၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇၈၅၀၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြိုမှ မန္တလေးမြိုသို မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Sunglong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၃၃၈၅၀၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်၊ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တိုတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ ၁၀ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၆၅၀၂ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews