အသဲရောဂါဝေဒနာရှင်များအတွက် ဆေးဝါးများကို နိုင်ငံတော်မှ အခမဲ့ပေးအပ်မည်


(ကျန်းမာရေး) ဖေဖော်ဝါရီ ၃

အသဲရောဂါခံစားနေရတဲ့ ဝေဒနာရှင်များအတွက် ဆေးဝါးများကို ယခုဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံတော်မှ အခမဲ့ပေးအပ်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အသဲအဆီဖုံး ရောဂါအပါအဝင် အသဲခြောက်ရောဂါ၊ အသဲကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အသဲရောင်အသားဝါ စီပိုး (hepatitis-C) ရောဂါခံစားနေရသူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရောဂါရှင်များ အနေနဲ့ အခမဲ့ဆေးဝါးထောက်ပံ့မှုအား ၃ လ သို့မဟုတ် ၆ လအထိ သောက်သုံးသွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆေးဝါးကုသမှု အခမဲ့ရယူလိုသူ ဝေဒနာရှင်များအနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်သတင်းပေးပို့ကြရန် နှိုးဆော်ထားပါတယ်။

ကျန်းမာရေးဦးစီး ဌာနက ပြီးခဲ့တဲ့နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ ခွေးကူးပြန်ရောဂါ ကာကွယ် ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးများအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများကိုပါ အခမဲ့ထောက်ပံ့ထိုးနှံ ပေးခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN