ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကျင်းပမည်


(ပြည်တွင်း) ဇန်နဝါရီ ၃

ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အမှတ် (၅၂၇) M-Tower ၁၈ လွှာမှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်း ကျောင်း ကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ/ဆရာမများက လာရောက်ရှင်းလင်းပြောကြားကြမည်ဖြစ်ကာ ဂျပန်-မြန်မာ စကားပြန်များ ကိုလည်း စီစဉ်ပေးထားပြီး လွတ်လပ်စွာ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပါဝင်ပြသကြမည့် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ခြင်း၊ ဂျပန်ပညာတော်သင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ ပညာသင် ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အလမ်းများ၊ တက္ကသိုလ် တက်ရောက်နိုင်မည့် အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။

ထပ်မံ၍လည်း ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် ကျောင်းသား/ကျောင်းသူများအတွက် MAJA နှင့် OJEIC အဖွဲ့အစည်းမှ နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်း ပြပွဲတွင် ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။

ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ တွင်ပါဝင်မည့်အဖွဲ့အစည်းများနှင့် ကျောင်းများမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံး Kyoto University of Advanced Science၊ Chinzei Gakuin University၊ Yu Language Academy၊ Okayama University Japan Education Information Center(OJEIC)၊ Myanmar Association of Japan Alumni(MAJA)တို့ဖြစ်ပြီး ပြပွဲသို့ ကျောင်းသားမိဘများနှင့် ဂျပန်စာသင်တန်းကျောင်းများမှ ဆရာ/ဆရာမများလည်း တက်ရောက်ရန် ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN