(ပြည်တွင်း) ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်အနောက်ကျေးရွာသို့ အကြမ်းဖက် PDF အဖွဲ့ဝင် ၂၅ ဦးခန့်ရောက်ရှိလာပြီး သာမန်အရပ်သား ၄ ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။
ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ဝင် ၂၅ ခန့်သည် သေနတ် အတို/အရှည်များ ကိုင်ဆောင်ကာ မော်တော်ယာဥ် ၁ စီးဖြင့် ရောက်ရှိလာပြီး၊ ၎င်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြသည့် ဦးမင်းနိုင်၊ ၅၁ နှစ်၊ (ဘ)ဦးဖိုဆေး၊ ဦးအောင်ဆန်းမင်း၊ ၄၁ နှစ်၊ (ဘ)ဦးဘော၊ ဦးမောင်မောင်၊ ၃၅ နှစ်၊ (ဘ)ဦးသိန်းလွင်၊ဦးအောင်လွင်၊ ၅၃ နှစ်၊ (ဘ)ဦးကြည်စိန်တို့ ၄ ဦးအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဂျွန်ကန်အနောက်ကျေးရွာ၏ တောင်ဘက်ရေကန်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၄ ဦးစလုံး အခင်းဖြစ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများအား ဆွေမျိုးသားချင်းများမှ ဂျွန်းကန်အနောက်ကျေးရွာ သုဿန်သို့ သယ်ဆောင်သွားခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews