(နိုင်ငံတကာ) ဇန်နဝါရီ ၃၁

အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့မှ ဖမ်းဆီးထားသည့် နောက်ထပ်ဓားစာခံ ၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။
ဓားစားခံ ၈ ဦးတွင် အစ္စရေးနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦးပါဝင်ကြောင်း ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကလေးများပါဝင်သည့် ပါလက်စတိုင်းနိုင်ငံသား ၁၁၀ ကို အစ္စရေးအကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။
အစ္စရေးမြို့တော် တဲလ်အဗီးတွင် ဓားစားခံများ၏ ဓာတ်ပုံများ အစ္စရေးအလံများကိုင်ဆောင်ကာ လူအချို့ စောင့်ဆိုင်းနေကြကြောင်း ဒေသတွင်း သတင်းများကဆိုသည်။
Telegram»…
https://t.me/positiveanglenews