(နိုင်ငံတကာ) ဇန်နဝါရီ ၃၁

ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးတွင် အချက်အချာကျသည့် Pokrovsk မြို့ကို ထိန်းချုပ်ရန် နီးစပ်နေကြောင်းသိရသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် Pokrovsk မြို့မကျရေး ခေါင်းမာမာဖြင့် ခုခံခဲ့သော်လည်း ရုရှားစစ်တပ်၏ ပိတ်ဆို့ ဖိအားပေးမှုကြောင့် မြို့တစ်မြို့ ထပ်မံကျဆုံးမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းများကဖော်ပြထားသည်။
Pokrovsk မြို့တွင် ဒေသခံပြည်သူ ၆၀၀၀၀ နှင့် ၇၀၀၀၀ ဝန်းကျင် နေထိုင်နေဆဲဖြစ်ပြီး မြို့၏ တစ်ဖက်တစ်ချက်တွင် ရုရှားတပ်ဖွဲ့ဝင်များရောက်ရှိနေကြောင်းသိရသည်။
“ယျေဘူယပြောရရင် အခြေအနေက အရမ်းခက်ခဲနေပြီး ရုရှားတပ်ဖွဲ့တွေက မြေပြင်ထိုးစစ်နဲ့ အဆက်မပြတ်တိုက်ခိုက်နေတယ်”ဟု ယူကရိန်း တပ်မဟာ ၅၉ မှ ဒုတိယတပ်မမှူးကဆိုသည်။
Pokrovsk မြို့သည် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရာ ရထားလမ်း ကားလမ်း အချက်အချာကျသည့်မြို့လည်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews