(ပြည်တွင်း) ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဖွင့်လှစ်ရန် ပြင်ဆင်မှုများရာနှုန်းပြည့်ပြီးစီးနေပြီး ဘုရားဖူးဧည့်သည် များနားခိုနိုင်မည့် တည်းခိုဆောင်တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများဆောက်လုပ်ထားပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမညဖြစ်ပါတယ်။
အဆိုပါတည်းခိုဆောင်ငှားရမ်းခ နှုန်းထားများကို တစ်ရက်ကို အထူးခန်း (VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့်Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကိုငွေ ၁၁၀,၀၀၀ ကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ် (ကမ်းစပ်) တစ်ခန်းကို ငွေကျပ် ၈၀,၀၀၀၊ ၆၀,၀၀၀ ကျပ်နှုန်းနှင့် ရိုးရိုးတည်းခိုဆောင်(ကုန်းပေါ်)တစ်ခန်းကို ငွေကျပ် ၄၀,၀၀၀ နှုန်းသတ်မှတ်ထားကြောင်း သိရပါတယ်။
အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ (တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့ထိ) ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews