(ပြည်တွင်း) ဇန်နဝါရီ ၃၀

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများမှာ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၈ ဘီလီယံကျော်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
အဆိုပါဦးစီးဌာနအနေနဲ့ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ Mini-grid ဆောင်ရွက်ဖို့ မသင့်တော်တဲ့ အိမ်ခြေနည်းတဲ့ ကျေးရွာများ၊ တစ်ရွာနှင့် တစ်ရွာ အလှမ်းကွာဝေးတဲ့ ကျေးရွာများ စတဲ့ ကျေးရွာများမှာ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒါ့အပြင်ကျေးလက် မီးလင်းရေးစီမံကိန်းမှာ တစ်အိမ်သုံးဆိုလာစနစ်နဲ့ ဆောင်ရွက်ခြင်းကို ရန်ပုံငွေကျပ် ၈ ဘီလီယံကျော်၊ Mini-grid နဲ့ ဆောင်ရွက်ခြင်းကို ကျပ် ၇ ဒသမ ၅ ဘီလီယံကျော်၊ စုစုပေါင်း ကျပ် ၁၆ ဒသမ ၆ ဘီလီယံကျော်နဲ့ လုပ်ငန်းသစ်များ ဆောင်ရွက်နေပါတယ်။
တစ်အိမ်သုံးဆိုလာစနစ်နဲ့ ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း တစ်သောင်းနီးပါးနှင့် အိမ်ထောင်စုပေါင်း ၄ သိန်းခွဲကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews