(ပြည်တွင်း) ဇန်နဝါရီ ၃၀

ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက အလုပ်သမားတွေကို အသုတ် ၅ သုတ်ခွဲ ခေါ်ယူဖို့ရှိနေပြီး တောင်ကိုရီးယားနိုင်ငံဟာ ယခုနှစ်အတွက် ပထမအသုတ်အဖြစ် နိုင်ငံခြားသားလုပ်သား ၂၀,၀၀၀ ကျော်ခေါ်ယူဖို့ရှိတယ်လို့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာသတင်းတွေအရ သိရပါတယ်။
အဆိုပါပထမဆုံးအသုတ် အလုပ်ခေါ်ယူခြင်းကို လာမယ့် မတ်လအတွင်းမှာ စတင်မှာဖြစ်လို့ ကိုရီးယား အလုပ်ရှင်တွေအနေနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၂၁ ရက်အတွင်း စာရင်းသွင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပထမအသုတ်မှာ နိုင်ငံ ၁၇ နိုင်ငံက လုပ်သားပေါင်း ၂၂,၄၁၉ ဦးကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ အခုခေါ်ဆိုမှုအတွင်းမှာ ကုန်ထုတ်လုပ်ငန်းအတွက် ၁၆,၃၂၈ ဦး၊ သင်္ဘောကျင်းလုပ်ငန်းအတွက် ၆၂၅ ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အတွက် ၂,၃၄၇ ဦး၊ ရေလုပ်ငန်းအတွက် ၂,၀၇၇ ဦးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၄၄၅ ဦး ပါဝင်မှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံက အမျိုးသမီးတွေ ပထမဆုံးသွားရောက်လုပ်ကိုင်မယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုလည်း ၅၉၆ ဦး ခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။
Telegram»…
https://t.me/positiveanglenews