(မှုခင်း) ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်အမှတ် (၄၁၅/S-1)၊ ၁၂×၈၈ လမ်းဒေါင့်ရှိ ၂ ထပ် အဆောက်အဦး၌ ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိူင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ဦးစိုးဝင်း၏ နေအိမ်အပေါ်ထပ်တွင် ဆိုလာမီးလိုင်းမှတဆင့် နှစ်ပင်လိမ်ဝါယာကြိုးဖြင့်သွယ်တန်း၍ ပလပ်ခုံပြုလုပ်ထားပြီး ဂျပ်ဖာပုံးပေါ်တင်ပြီး Power Bank များ အားသွင်းထားရာမှ အပူလွန်ကဲပြီး ဂျပ်ဖာပုံးခွံများ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဂျပ်ဖာပုံးခွံ ၃၀ ခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးစိုးဝင်းအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews