အဓမ္မသိမ်းယူထားတဲ့နယ်‌မြေတွေမှာ KIA နဲ့ TNLA တို့အကြားနယ်မြေအငြင်းပွားရာက ပဋိပက္ခအဆင့်အထိဖြစ်လာ (ရုပ်သံ)

အဓမ္မသိမ်းယူထားတဲ့နယ်မြေတွေမှာ ကချင်လက်နက်ကိုင် KIA နဲ့ တအောင်းပလောင်လက်နက်ကိုင် TNLA တို့အကြားနယ်မြေအငြင်းပွားရာက ပဋိပက္ခအဆင့်အထိ ဖြစ်လာနေကြပြီဖြစ်ပါတယ်။

၁၀၂၇ ဆိုတဲ့အမည်နဲ့ ရှမ်ပြည်နယ်မြောက်ပိုင်းက နယ်မြေတစ်ချို့ကို အဓမ္မလုယက်ယူဆောင်ထားတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ တအောင်းပလောင်လက်နက်ကိုင်အဖွဲ့ TNLA တို့ကြား နယ်မြေ အငြင်းပွားရာကစပြီး ဖြစ်ပွားနေတဲ့ ပဠိပက္ခတွေဟာ တဆနဲ့တဆ ကြီးထွားလာနေပါတယ်။

အကြမ်းဖက်အဖြစ်ကြေညာထားတဲ့ တအောင်းပလောင်လက်နက်ကိုင်သောင်းကျန်းသူ TNLA နဲ့ ကချင်လက်နက်ကိုင်သောင်းကျန်းသူ KIA တို့ဝင်ရောက်နယ်မြေလုယူထားတဲ့ မန်တုံမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသမှာ လက်နက်ကိုင်အချင်းချင်း နယ်မြေလုယူမှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

မူဆယ်၊ မိုင်းရယ်နဲ့ တန့်ယန်းမြို့တွေကတော့ အစိုးရထိန်းချုပ်မှုအောက်မှာရှိနေဆဲလို့ပြောလို့ရပေမယ့် မြို့နယ် ၁၉ မြို့နယ်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၆ မြို့နယ်ကို TNLA ၊KIA နဲ့ MNDAA က အဓမ္မ နယ်မြေကျော်ပြီးဝင်ရောက် လုယူထားတာပါ။

“နှစ်ဖက်လုံးက လျှော့မှာမဟုတ်ဘူး၊ ဒါကြောင့် ဖြစ်နေမှာပဲ တစ်ဖက်ဖက်ကအလျှော့အပေးမှ ဒါမှမဟုတ် နှစ်ဖက်စလုံးကလျှော့မှ ငြိမ်မှာ နှစ်ဖက်စလုံးက တင်းခံနေရင် ခုလို တဆနဲ့တဆ ကြီးထွားလာတဲ့ ပဠိပက္ခတွေကနေ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်လာနိုင်မယ့် အခြေအနေကို ရောက်လာနိုင်တယ်” လို့ KIA နဲ့ TNLA ရဲ့အခြေအနေကိုစောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။

အငြင်းပွားရာက ပဋိပက္ခအဆင့်အထိဖြစ်ပွားလာတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကနေ ထိုးကြိတ် ရိုက်နှက်မှုအဆင့်အထိဖြစ်ပွားနေပြီး လက်နက်နဲ့ပစ်ခတ်တာတော့မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ညနေပိုင်း (၆) နာရီကျော်လောက်က TNLA တပ်မဟာ (၃) လက်အောက်ခံ စစ်ကြောင်းမှူး တာအုန်ကြုန်းဦးဆောင်တဲ့ အမှတ် (၉၉၉) နဲ့ (၃၃၁) တပ်ရင်းအဖွဲ့ဟာ အင်အား (၂၀၀) ကျော်လောက်သုံးပြီး KIA တပ်မဟာ (၄) ၊ တပ်ရင်း (၃၄) လက်အောက်မှာရှိတဲ့ အမှတ်(၃) တပ်စခန်းကို ဝိုင်းကာ တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

#PAN #TNLA #KIA #န,်‌ြေမလု #ကွတ်ခိုင် #ရှမ်း‌ြေမာက်