(အားကစား) ဇန်နဝါရီ ၂၅

ဒေါ့မွန်အသင်းက အသင်းရလဒ်ဆိုးများကြောင့် နည်းပြ ဆာဟင် ကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ လက်ရှိဘောလုံး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရလဒ်များဆိုးဝါးနေခဲ့လို့ နည်းပြ ဆာဟင် ကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
နည်းပြ ဆာဟင် အနေနဲ့ ဒေါ့မွန်အသင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လက စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၂၇ ပွဲမှာ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၁ ပွဲရှုံး ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက နည်းပြ ဆာဟင် ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ အသင်းနည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews