လော့စ်အိန်ဂျလိမြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုနှစ်ရပ်ဖြစ်ပွား

(နိုင်ငံတကာ) ဇန်နဝါရီ ၁

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိမြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုနှစ်ရပ်ဖြစ်ပွားရာ လူလေးဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

ပထမ ပစ်ခတ်မှုမှာ ဈေးဝယ်စင်တာတစ်ခုတွင် ဒီဇင်ဘာလ ၃၀ ရက် ဒေသစံတော်ချိန် ည ၉ နာရီမတိုင်မီက ဖြစ်ပွားခြင်းဖြစ်ပြီး ယင်း ပစ်ခတ်မှုအတွင်း လူနှစ်ဦးဒဏ်ရာရရှိသွားကြောင်း၊ ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ABC ရုပ်သံတွင် ဖော်ပြသည်။

ဒုတိယပစ်ခတ်မှုမှာ အဆိုပါ ဈေးဝယ်စင်တာမှ တစ်ကီလိုမီတာအကွာတွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ယင်း ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသွားသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ABC ရုပ်သံတွင် ဆက်လက်ဖော်ပြသည်။

ယခု ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ သည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိ၊ မရှိ မသိရသေးကြောင်းနှင့် ရဲတပ်ဖွဲ့က သေနတ်သမားအား လိုက်လံဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

#PAN