(ပြည်တွင်း) ဒီဇင်ဘာ ၂၇

လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်ကာ သူငယ်တန်း (KG) သင်ကြားနေတဲ့ ကျောင်းများအားလုံးမှာ တစ်လကို ၂ ကြိမ်နှုန်းနဲ့ ကလေးငယ်များကို ကျောင်းတွင်း အဟာရကျွေးမွေးခြင်း အစီအစဥ်စတင်မှာ ဖြစ်ပါတယ်။
အဆိုပါ အဟာရကျွေးမွေးခြင်းအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနဘတ်ဂျက်ငွေဖြင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူကျွေးမွေးသွားရမည်ဖြစ်ကြောင်း သိရပါတယ်။
အခုလို ပြုလုပ်ရခြင်းက ဖွံ့ဖြိုးစကလေးငယ်များအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်မှာ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအစီအစဉ် အသိပေးရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကိုလည်း မြို့နယ်များမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews