(နိုင်ငံတကာ) အောက်တိုဘာ ၁၀

ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမက်စကတ်မြို့ရှိ တိုက်ခန်းတစ်ခန်းအား အစ္စရေးစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ခုနှစ်ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် အီရန်သံရုံးနှင့် အခြားသောသံတမန် အဆောက်အဦးများ ရှိသည့် ရပ်ကွက်တစ်ခုဖြစ်ကြောင်းသိရသည်။
အဆိုပါတိုက်ခန်းတွင် ဆရာဝန်မိသားစုများနေထိုင်ပြီး သေဆုံးမှုတွင် ဆရာဝန်များနှင့် ကလေးငယ်များ ပါဝင်ကြောင်း မိသားစုဝင်များကဆိုသည်။
ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံအတွင်းသို့ ၁၀၄ ကြိမ်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၉၆ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews