(ပြည်တွင်း) အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ်၊ ပီတူးကျေးရွာအုပ်စု၊ ကျွန်းတောကုန်းရွာ၊ စာသင်ကျောင်းအား ယမန်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် KNU/PDF အဖွဲ့များမှ Drone ဖြင့် Drop Bomb ချ၍ ဖျတ်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် KNU/PDF အဖွဲ့များ၏ Drone ဖြင့် Drop Bomb ချ၍ ဖျတ်စီးခဲ့မှုကြောင့် စာသင်ကျောင်း အခန်း ၃ ခန်းပျက်စီးသွားကြောင်း သတင်းရရှိသည်။

ထို့ကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များ၏ ယခုလို ပညာသင်ကြားမှုများအဟန့်အတားဖြစ်စေသည့် ခြိမ်းခြောက်ဖျတ်စီးမှုများသည် ဒေသတွင်း ကျောင်းသူ/သား ကလေးများကို ပညာမဲ့ပြီး အနာဂါတ်ဘဝပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေကြောင်း၊ ၎င်းအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ကြကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာသည်။


Telegram»…
https://t.me/positiveanglenews