သဲဖြူချောင်း တံတား လုံခြုံရေးကင်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်


(ပြည်တွင်း) စက်တင်ဘာ ၉

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သဲဖြူချောင်းတံတား လုံခြုံရေးကင်းအဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်/အင်အား စိစစ်ဆဲအဖွဲ့မှ သံတံတားကျေးရွာဘက်မှ ၄၀ မမ ဗုံးသီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်ဒဏ်ရာဖြင့် သေဆုံးပြီး၊ ၃ ဦးမှာ ထိမှန်ဒဏ်ရာများရရှိကြောင်း၊ အခင်ဖြစ်ပွားရာနေရာသို့ ပူးပေါင်းလုံခြုံရေးအကူအဖွဲ့မှ သွားရောက်ရှင်းလင်းရာ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သောင်းကြမ်းသူ အကြမ်းဖက်အဖွဲ့များသည် ဘီးလင်းမြို့နယ်၊သပြေနီကျေးရွာနှင့် ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ကုန်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်‌ပြေးသွားခဲ့ကြောင်းသိရပြီး ဒဏ်ရာရှိသော လုံခြုံရေးအဖွဲ့ဝင်များအား ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN