အမေရိကန်က အရှေ့အလယ်ပိုင်းသို စစ်အင်အားတိုးမြှင့်ဖြန့်ကြက်


(နိုင်ငံတကာ) ဩဂုတ် ၄

အစ္စရေးနှင့် အီရန်တိုကြား လက်ရှိဖြစ်ပွားနေသော တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်က အစ္စရေးကို ကာကွယ်နိုင်ရေးအတွက် စစ်အင်အားအများအပြားကို ဖြန့်ကြက်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂ ရက်တွင် ညွှန်ကြားလိုက်သည်။

အဆိုပါညွှန်ကြားချက်တွင် နောက်ထပ်ဖျက်သင်္ဘောများ၊ စစ်သင်္ဘောကြီးများနှင့် တိုက်ခိုက်ရေးလေယာဉ်အုပ်တစ်ခုကို အရှေ့အလယ်ပိုင်းသို့ ဖြန့်ကြက်ရန်ပါဝင်လာ ခဲ့သည်။

ထို့ပြင် USS Abraham Lincoln လေယာဉ်တင်သင်္ဘောအနေဖြင့် အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင် နေသော USS Theodore Roosevelt လေယာဉ်တင်သင်္ဘောကို ကူညီပေးနိုင်ရေးအတွက် ထွက်ခွာရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

တစ်ချိန်တည်းမှာပင် မြေပြင်အခြေစိုက် အမြင့်ပျံဒုံးကျည် ကာကွယ်ရေးစနစ် ကိုလည်း ဖြန့်ကြက်သွားရန်စီစဉ်နေကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၌ ဟားမက်နိုင်ငံရေးဗျူရိုခေါင်းဆောင် အစ္စမေးဟားနီယေး လုပ်ကြံသတ်ဖြတ်ခံရစဉ် ထိုလုပ်ကြံမှု ကို အစ္စရေးကလုပ်ဆောင်ခြင်းဖြစ်တယ်လို အီရန်၊ ဟားမက်နှင့် ဟစ်ဇဘိုလာ တို့က စွပ်စွဲထားသည်။

ထို့ပြင် အီရန်နိုင်ငံက ၎င်းတို့၏မြေပေါ်၌ ထိုကဲ့သိုလုပ်ဆောင်သည့် အစ္စရေးကို လက်တုံပြန်တိုက်ခိုက်သွားမယ်လို့ ကြေညာထားစဉ် အမေရိကန်နိုင်ငံက အစ္စရေးကို ကာကွယ်ရေးအတွက် ယခုကဲ့သို့ အစီအမံများ ဆောင်ရွက်လာခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ