ကားလမ်းပေါ်မှ မိုင်း ၁၆ လုံးကို လုံခြုံရေးက ရှင်းလင်းခဲ့


(ပြည်တွင်း) သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြို့သာ – မြင်းခြံသွားကားလမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းများထောင်ထားကြောင်း ပြည်သူများသတင်းပေးမှု အရ လုံခြုံရေးတပ်ဖွဲ့များမှ သြဂုတ် ၃ ရက်နေ့က ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်သမားများမှ ခရီးသွားပြည်သူများ အသက်ဆုံးရှုံးစေရန်နှင့် ဒက္ခိတဘဝရောက်ရှိဝေရန်ရည်ရွယ်ပြီး ကတ္တရာလမ်းအားဖောက်၍ မြှုပ်ထားသည့် ဆီပုံးခွံ ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းများနှင့် ကားလမ်းဘေးတွင် မုန့်ပုံးနှင့်ပြုလုပ်ထားသော မိုင်းများထောင်ထားခဲ့ခြင်း​ဖြစ်ကြောင်းသိရသည်။

လုံခြုံရေးအဖွဲ့များ၏ လာရောက်ရှင်းလင်းပေးမှုကြောင့် ကတ္တရာလမ်းအားဖောက်၍ မြှုပ်ထားသည့် ဆီပုံးခွံဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၀ လုံး၊ ကားလမ်း ဘေးတွင် မြှုပ်ထားသည့် မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၆ လုံး၊ ဆိုင်ကယ်ဘက္ထရီ ၂ လုံးနှင့် ဝါယာကြိုး ၂၀ ပေခန့်တို့အားသိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။

ယခုအချိန်တွင် ခရီးသွားပြည်သူများမှာ အဆိုပါလမ်းမကြီးပေါ်၌ အန္တရာယ်ကင်းစွာသွားလာနေပြီဖြစ်သည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ