နောင်ချိုမြို့ပေါ်ရပ်ကွက်နေသူ ၂ ဦးကို အကြမ်းအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်


(ပြည်တွင်း) ဇူလိုင် ၇

ယနေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ ဘူတာရပ်တွင်နေထိုင်သူ ၁ ဦးနှင့် သပြေရေရပ်ကွက်တွင် နေထိုင်သူ ၁ ဦးတို့ကိုအကြမ်းဖက်အဖွဲ့များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဘူတာရပ်တွင်နေထိုင်းသူ ဦးစိုးလင်းဦး(ပြည်ခိုင်ဖြိုးပါတီဝင်) နှင့် သပြေရေရပ်ကွက်တွင် နေထိုင်သူတစ်ဦး(အမည်မသိ)တို့ကို ဖမ်ဆီးသွားပြီး နောင်ချို ရဲစခန်း အတွင်းတွင်ချုပ်နှောင်ထားပြီး တစ်ဦးချင်းမေးမြန်းသတ်ဖြတ်နေကြောင်း သိရသည်။

ယခုလို ဖမ်းဆီးသွားပြီး မေးမြန်ကာ သတ်ဖြတ်ခံရသူ ၂၅ ဦးကျော်ရှိပြီဖြစ်ကြောင်းကြောင်း သိရသည်။

ထိုအတူ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော်မြင့်နိုင်၏ နေအိမ်သို့ အကြမ်းဖက်များ ယနေ့နံနက်တွင်ရောက်ရှိလာပြီး အနီးဝန်းကျင်အိမ်များကို မေးမြန်းသွားကြောင်းလည်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ