ဘုရားဖူးယာဉ်တစ်စီးအား အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး


(နိုင်ငံတကာ) ဇွန် ၁၀

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ ဂျမူးပြည်နယ် Reasi မြို့တွင် ဘုရားဖူးမော်တော်ယာဉ်တစ်စီးအား အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ၉ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဘုရားဖူးခရီးသည်များသည် ဒေသခံများမဟုတ်ပဲ ထိုဒေသ၏ နာမည်ကြီး ဟိန္ဒူဘုရားကျောင်းအား လာရောက်ဖူးမျော်သူများဖြစ်ကြောင်း Reasi ခရိုင် အာဏာပိုင်တစ်ဦးဖြစ်သူ Vishesh Mahajan ကဆိုသည်။

သေဆုံးသူများတွင် အချို့မှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများအား ဆေးရုံသို့ တင်ပို့ထားကြောင်းသိရသည်။

ကက်ရှိမီးယားဒေသသည် ခွဲထွက်လိုသည့် အစ္စလာမ်ဘာသာဝင်များမှ မကြာခဏတိုက်ခိုက်မှုများ လုပ်ဆောင်တတ်သည့်အတွက် ယခုဖြစ်စဉ်သည် အိန္ဒိယအစိုးရအား ပုန်ကန်တော်လှန်နေသည့် မွတ်ဆလင် စစ်သွေးကြွများ၏လက်ချက်ဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးမှဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ