နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးရောက်ရှိနေကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော


(နိုင်ငံတကာ) ဇွန် ၁၀

၁၉၉၀ခုနှစ် နောက်ပိုင်းတွင် ယခုအချိန်သည် နျူကလီးယားစစ်ပြဲ ဖြစ်နိုင်ခြေအမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း သတိပေးပြောဆိုလိုက်သည်။

အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ တာဝေးပစ် လက်နက်များ ထောက်ပံ့ကာ ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်ခွင့်ပြုလိုက်ခြင်း သည် စစ်ဖြစ်ပွားနိုင်သည့်အခြေအနေကို ပိုမို တွန်းအားဖြစ်စေခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ၎င်းပိုင်နက်အား တိုက်ခိုက်လာမည်ဆိုပါက လက်နက်ထောက်ပံ့သည့်နိုင်ငံများအား တုန့်ပြန်တိုက်ခိုက်သွားမည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုထားသည်။

ရုရှား၏ နျူကလီးယား ဒုံးကျည်များတင်ဆောင်ထားသည့် စစ်သင်္ဘောများသည် အမေရိကန်နိုင်ငံနှင်မနီးမဝေးတွင် ရောက်ရှိနေပြီ ဥရောပနိုင်ငံအချို့ကိုလည်း တိုက်ခိုက်နိုင်ကြောင်း ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ