(ပြည်တွင်း) ဇွန် ၆

AA အကြမ်းဖက်သောင်းကျန်းသူများ အနေနဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ ဒီစစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာရဲ့ မြောက် ဘက်မှာရှိနေတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင် ရွာသစ်ပေါ့၊ ဗျိုင်းဖြူကျေးရွာဟာလည်း စစ်တွေ မြို့နယ်ရဲ့ မြောက်ဘက်မှာပဲရှိတာပါပဲ။ ဒီရွာတွေကနေပြီးတော့ ဗဗ အကြမ်း ဖက်သောင်းကျန်း သူတွေ ခိုအောင်းပြီးတော့ စစ်တွေမြို့ထဲကို Drone တွေနဲ့ Drop Bomb လာချတာတွေ၊ အဝေးကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို ယခင်တည်းကတိုင် ဆောင်ရွက်နေတာဖြစ် ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဗျိုင်းဖြူ ကျေးရွာ၊ ခုနကပြောတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်မှာ AA အကြမ်းဖက်သောင်း ကျန်းသူတွေရောက်ရှိနေတယ်ဆိုတဲ့ ဒေသခံ တွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ဗျိုင်းဖြူ ကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နယ်မြေလုံခြုံရေးဆောင် ရွက်ခဲ့တဲ့နေရာမှာ ရွာထဲဝင်သွားတုန်း ကတော့ အေးအေး ဆေးဆေးပါပဲ။ ရွာထဲ မှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေ တယ်။ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသားမဟုတ်တဲ့ ရွာသားသုံးဦးပေါ့။ ဗျိုင်းဖြူရွာသား မဟုတ်တာတော့ သေချာတယ်၊ အဲ့ဒီလူသုံးယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူပြီး ရန်ပြုဖို့ ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနက သေနတ်လုယူတဲ့ အမျိုးသားသုံးဦး သေဆုံးခဲ့တာရှိတယ်။ အဲ့ဒီအထဲမှာ မသင်္ကာတဲ့သူ လူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီး တော့မှ စစ်ဆေးလျက်ရှိတယ်။ အဲ့ဒီအထဲ မှာပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်ပြီးတော့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီး တွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုး ဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။ AA အနေနဲ့ ဒါတွေ ဘာလို့လုပ်သလဲဆိုတော့ AA အနေနဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်အတွင်းမှာ ဘင်္ဂါလီတွေကို သတ်ဖြတ်ခဲ့တယ်၊ ဘင်္ဂါလီတွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ကမ္ဘာ့အဖွဲ့အစည်းအချို့က နိုင်ငံတကာအဖွဲ့အစည်းအချို့က သူတို့ကို ဖိအားပေးတဲ့အချိန်မှာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်းသာဖြစ်ပါ တယ်။ ဘူးသီးတောင်မြို့ မှာဆိုရင် မေလ ၁၇ ရက်နေ့ ၁၈ ရက်နေ့ အဆိုးဆုံးပါပဲ။ မေလ ၁၇ ရက်နေ့ ည ၉ နာရီခွဲလောက်က ဆိုရင် AA အနေနဲ့ ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်လာတဲ့အကြောင်း သတင်းရတယ်။ ပြီးရင် ဘင်္ဂါလီတွေရဲ့ နေအိမ် တွေကို မီးရှို့ခဲ့ပြီး ဘင်္ဂါလီအားလုံးကိုထွက် သွားဖို့ဆိုပြီး နှင်ထုတ်ခဲ့တာမျိုးရှိပါတယ်။
ဒါ့အပြင် ဘူးသီးတောင်နားလေးမှာရှိတဲ့ ကျေးရွာတွေ အိုးသည်ရွာတို့၊ ပြီးရင်ဘူးသီးတောင် အရှေ့ဘက် မှာရှိတဲ့ ရွာတို့အားလုံးကို ဘင်္ဂါလီတွေရဲ့ရွာများကို မီးရှို့ခဲ့တာဖြစ်တယ်။ ဒါ့အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။ အထောက် အထားခိုင်လုံစွာနဲ့ ရရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖုံးကွယ်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကို ကျွန်တော် ယခင် တစ်ခါလည်း ပြောခဲ့ပြီးပါပြီ။ AA အနေ နဲ့က တစ်ဖက်သတ်အစွန်းရောက်လူမျိုးရေး ခွဲခြားမှု၊ တစ်ဖက်သတ် အစွန်းရောက်လူမျိုးရေး လှုံ့ဆော်မှုတွေနဲ့ ဆောင်ရွက်နေတာဖြစ် ပါတယ်။ တည့်တည့် ပြောရရင် ဒီ AA အဖွဲ့အစည်းဟာ ဗမာမုန်းတီးရေး၊ ဘင်္ဂါလီမုန်းတီးရေး ဒါ့အပြင် အဲ့ဒီမှာရှိနေတဲ့ လူမျိုးစုငယ်တွေဖြစ်တဲ့ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်စတဲ့ တိုင်းရင်းသားလူမျိုးနွယ်စုတွေကိုပါ မုန်းတီး ရေးလုပ်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါ တယ်။ ယခင်ကလည်း ကျွန်တော်တို့ AA ကနေပြီး AA တပ်ဖွဲ့ ဝင်တွေ၊ AA ကိုထောက်ပံ့နေတဲ့အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ ဖြန့်ဖြူးမှု တွေအကြောင်း ပြောခဲ့ပြီးပါပြီ။ အခုအနီးဆုံး အနေနဲ့ မတ်လ ၂၁ ရက်နေ့မှာဆိုရင် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင်မြို့မှာနေတဲ့ ဗဗ သောင်းကျန်းသူအဖွဲ့ရဲ့ ထောက်ပံ့ ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနဲ့ ချိတ်ဆက်ပြီးတော့ မူးယစ်ဆေးဝါးတွေ ရန်ကုန်ကနေတစ်ဆင့် စစ်တွေ ဘူးသီးတောင် ကိုပို့ဆောင်ဖို့ လုပ်ဆောင် နေတဲ့အကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ သတိပေးချက် အရ ရန်ကုန် တာမွေမြို့နယ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်။ တရားခံ ထွန်းသိန်းအောင်နဲ့ သူ့ရဲ့ဇနီးနှစ်ယောက် ဖမ်းမိပါတယ်။ သူတို့ရဲ့ထွက်ဆိုချက် အရ ကျွန်တော်တို့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ဆိပ်ကမ်းမှာရှိတဲ့ အမှတ် ၂ တံတားမှာ ဆိုက်ကပ်ထားတဲ့ ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ အမ်ဗွီ- စိန်ပြည့်မင်း ကုန်တင် သင်္ဘောကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ စက္ကူဖာတွေအတွင်းက WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား တစ်သန်းနဲ့ ကာလ တန်ဖိုးငွေ တစ်ဘီလီယံကျပ်ခန့် ဖမ်းဆီး ရရှိခဲ့တာဖြစ်တယ်။ သူတို့ကို ကျွန်တော်တို့ ဖမ်းဆီးတဲ့နေရာမှာ စစ်တွေမြို့ဘောက်သီးစုရပ်ကွက်မှာရှိတဲ့ တရားခံပြေး သန့်ဇင်ဦး ကနေ ရန်ကုန်ကနေ စစ်တွေကိုပို့ပေးရင် ငွေပေးမယ်ဆိုပြီး သဘောတူလက်ခံခဲ့တာ ဖြစ်တယ်။ ပြီးရင်ဒီ အမ်ဗွီ-စိန်ပြည့်မင်း သင်္ဘောပေါ်မှာတင်ခဲ့တာဖြစ်တယ်။ ၂၀၁၆ ခုနှစ်ကနေ ဒီမတ်လအတွင်း AA သောင်းကျန်းသူ အဖွဲ့နဲ့ဆက်စပ်တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၉ ကြိမ်ရှိခဲ့တယ်။ မူးယစ် ဆေးဝါး ကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံကျပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
မေလ ၂၉ ရက်နေ့မှာလည်း AA အကြမ်းဖက်အဖွဲ့ကိုပို့မယ့် ရန်ကုန်ကနေ ပြည်ကိုမောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးပေါ့။ အဲ့ဒီမှာ ထွန်းထွန်းဝင်း၊ တေဇသူတို့ သယ်ဆောင်လာတဲ့ အုတ်ခဲတွေနဲ့ ရောသယ်ဆောင်လာတဲ့ ကားတစ်စီးကိုစစ်ဆေးခဲ့တယ်။ အဲ့ဒီမှာ WY စာတန်းပါ မူးယစ်ဆေးဝါး အုတ်ခဲပုံအထုပ် ၂၀ စီပါတဲ့ အိတ် ၁၀ အိတ်၊ အုတ်ခဲပုံအထုပ် ၁၀ ခုစီပါတဲ့ အိတ် ၉ အိတ် WY စာတန်းပါ ဆေးပြားစုစုပေါင်း ၂၉ သိန်း၊ ကာလတန်ဖိုးငွေကျပ် သိန်းနှစ် သောင်းလောက် ဖမ်းဆီး ရမိခဲ့ပါတယ်။ AA အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ခုနကပြောသလို လူမျိုးရေးအစွန်းရောက် လှုံ့ဆော်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကို ရခိုင် ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေတဲ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ တစ်မျိုးသားလုံး လူညွန့်တုံးစေဖို့ မူးယစ်ဆေးဝါး ရောင်းဝယ် တာတွေ၊ ဖြန့်ဖြူးတာတွေ ဆောင်ရွက်လျက် ရှိတာကိုတွေ့ရပါတယ်။ တိုင်းရင်းသားမိဘ ညီအစ်ကိုမောင်နှမများ ပြည်သူများအနေနဲ့ သူတို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေ ရခိုင် တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဒီအကြမ်း ဖက်သောင်းကျန်းသူ AA အဖွဲ့ကို သတိရှိ ဖို့လိုပါတယ်။ ဒီဟာတွေကို ဆောင်ရွက်နေ ခြင်းဟာ ရခိုင်ပြည်နယ် ရခိုင်ပြည်သူလူထု ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေပဲဖြစ်လို့ အားလုံးကဝိုင်းဝန်း ဆန့်ကျင်ကြဖို့ သတိပေးပြောကြားလိုပါ တယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Telegram>>…
https://t.me/positiveanglenews