(ပြည်တွင်း) ဇွန် ၆

ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်စဉ်တွင် အကြမ်းဖက် PDF အလောင်း ၁ လောင်းနှင့် ၎င်း၏ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ကျည် ၂၆ တောင့်၊ ကျည်အိမ် ၁ ခုတို့ကိုသိမ်းဆည်းရမိကြောင်း သိရပါသည်။

ထို့အတူ ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း စစ်ကိုင်းမြို့နယ် တင်းတိပ်ကျေးရွာအနီး နယ်မြေရှင်းလင်းနေသောလုံခြုံရေးအဖွဲ့များက မသင်္ကာဖွယ် လူ ၁ ဦးကိုတွေ့ရှိ၍ စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာအကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်ပစ္စတို ၁ လက်၊ သံဖြတ်ခွ(အကြီး) ၂ ချောင်း၊ ဘောစိ ၂၀ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
Telegram>>…
https://t.me/positiveanglenews