ကျေးရွာလူထုကို အနိုင်ကျင့်ဘိုကျနေသော အကြမ်းဖက် PDF အဖွဲ့ဝင် ၁၅ ဦးကို ကျေးရွာ လူထုမှ ဖမ်းဆီး


(ပြည်တွင်း) မေ ၁၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း၊ တောင်ရွာမကျေးရွာတွင် ဒေသခံရွာသားများနှင့် အကြမ်းဖက် PDF များအချင်းများရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကျေးရွာလူထုမှ အကြမ်းဖက် PDF အဖွဲ့ဝင် များအား ပြန်လည်ဖမ်းဆီးမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မေ ၁၁ ရက်မှစတင်၍ တောင်ရွာမကျေးရွာတွင် NUG လက်အောက်ခံ အကြမ်းဖက် PDF အဖွဲ့ ဖြစ်သော ပခုက္ကူခရိုင် အကြမ်းဖက် PDF တပ်ရင်းအမှတ်-၄၊ တပ်ခွဲ-၃မှ အဖွဲ့များနှင့် တောင်ရွာမကျေးရွာ ဒေသခံလူထုများကြား အချင်းများမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ NUG လက်အောက်ခံ အကြမ်းဖက် PDF များသည် တောင်ရွာမကျေးရွာတွင် တပ်စွဲနေထိုင်စဉ်အတွင်း ရွာသားများအပေါ် အနိုင်ကျင့်ပြုလုပ်မှုများရှိ၍ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေသခံများပြောဆိုချက်အရ NUG လက်အောက်ခံ အကြမ်းဖက် PDF အဖွဲ့တွေက တော်တော်ဆိုးကြောင်း၊ ရွာသားတွေအပေါ် ကို မတရားအနိုင်ကျင့်ကြကြောင်း၊ လက်နက်အားကိုးနဲ့ ရမ်းကားမိုက်ရိုင်းလွန်းကြောင်း၊ ရွာခံတွေနှင့် ခဏခဏပြဿနာဖြစ်ကြကြောင်း၊ ရွာသားတွေက သူ့ဘာသာ အရက်သောက်တာကို အရက်သောက်လို့ဆိုပြီး ဖမ်းဆီးပြီးထိပ်တုံးခတ်ကြောင်း၊သာမန်ပြစ်မှုသေးသေးလေးကို ဝါးလုံး ၃ လုံးကုန်အောင် ရိုက်နက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ အကြောင်းများကြောင့် ဒေသခံရွာသားများက ၎င်းတို့အား ရွာအတွင်းမှ ထွက်ခွာပေးရန် မေ ၁၂ ရက်နေ့က ဒေသခံများနှင့် အစည်းအဝေးပြုလုပ်ကာ တောင်းဆိုခဲ့ကြကြောင်း၊
ယင်းအစည်းအဝေးတွင် မေ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ထွက်ခွာပေးမည် ဟုဂတိပေးပြောဆိုခဲ့ကြကြောင်း၊ ထိုသို့ဂတိပေးပြောဆိုပြီး မေ ၁၃ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် ၎င်းတို့က ရွာအတွင်း မိုင်းများခွဲခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်သည့်အပြင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့် ပုံစံများပြုလုပ်ခဲ့၍ ဒေသခံရွာသားများနှင့် ပရိပက္ခဖြစ်ပွားပြီး ရွာသားများကို သေနတ်ဖြင့်တည့်ချိန်ကာ ပစ်ခတ်ခဲ့ကြောင်း၊ ဆဲဆိုခြိမ်းခြောက်ခြင်းများပြုလုပ်ကာ ဆိုင်ကယ်များဖြင့် ဝင်လာပြီး ဒေသခံရွာသူရွာသား‌များကို ဝင်ရောက်တိုက်ကြောင်း ဒေသခံရွာသားများထံမှ သိရှိရသည်။

ထိုသို့ ဝင်တိုက်ပြီး အကြမ်းဖက် PDF အဖွဲ့မှ ဒေသခံကျေးရွာသား ၂ ဦးအားဖမ်းဆီးခဲ့သဖြင့် ဒေသခံရွာသားများဘက်က အကြမ်းဖက် PDF အဖွဲ့ဝင်များအား ပြည်လည်ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာ အကြမ်းဖက် ၁၅ ဦးနှင့် သေနတ် ၅ လက်အားဖမ်းဆီးရမိခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်တွင် အကြမ်းဖက် PDF အဖွဲ့နှင့် အဆိုပါကျေးရွာသားများ အကြား တင်မာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22695?single

PAN

SZ