မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှ လူငယ် ၂ ဦးအဆက်သွယ်မရ ပျောက်ဆုံး


(ပြည်တွင်း)မေ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ပျောက်ဆုံးသွားသည့် အသက် ၂၀ နှစ်ခန့်အရွယ် မောင်ဒွမ်ဆာဂျူံရမ်ဆိုသူနှင့် သက် ၂၂ နှစ်ခန့်အရွယ် မောင်မီဝါနော်ဆိုသူ တို့ ၂ သည် နေအိမ်မှဆိုင်ကယ်စီးပြီး တပ်ကုန်းထွယ်ဆန်မှ ရာဒါကောင်း(ဘီ)သို့ သူငယ်ချင်းဖြစ်သူကို သွားပို့ရာမှ နှစ်ဦးစလုံး ပျောက်ဆုံးသွားကြောင်း သိရသည်။

ယနေ့ အချိန်အထိ ၂ ဦးစလုံးအဆက်အသွယ်ပြတ်နေသေးကြောင်း မိသားစုများထံမှ သိရပြီး မြစ်ကြီးနားမြို့နှင့် အနီးတဝိုက်တွင် အကြမ်းဖက် KIA အဖွဲ့မှ မျက်နှာဖုံးစွပ်၍ လူငယ်အရွယ်များကို တပ်သားသစ် စုဆောင်းဖမ်းနေသည့် သတင်းများလည်း ဆက်တိုက်ဆိုသလို ကြားသိရနေရကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22622

PAN

KWN #SZ