အခွန်ငွေငွေ သိန်း ၂ ထောင်မပေးနိုင်သည့်အတွက်ဟုဆိုကာ မြေသယ်ကား ၇ စီးအား အကြမ်းဖက် KIA/PDF အဖွဲ့ မီးရှို့ဖျက်ဆီး


ဧပြီ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နဟ်၊ ဆိုင်းတောင်၊ ပဲရစ်အနီးတွင် ယနေ့နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က သေနတ်သံများအဆက်မပြတ်ကြားနေရသဖြင့် ဒေသခံများမှသွားရောက်စုံစမ်းရာ အကြမ်းဖက် KIA/PDF အဖွဲ့တို့မှ တပ်မတော်စစ်ကြောင်းတစ်ခုကို ခြောင်းမြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကိုတော့ မသိရှိရသေးကြောင်း သိရှိရသည်။

ယမန်နေ့က မိုးညှင်းမြို့နယ်၊ နန်းခွင်တံတား၊ ပွင့်ဖြူစစ်တပ်လုံခြုံရေးဂိတ်အကျော် ခန့်မှန်း ၂ ဖာလုံခန့်နေရာတွင် ဖားကန့်သို့သွားမည့် မြေသယ်ကား ၇ စီးအား တပ်မတော်အားပေးလုပ်ငန်းရှင် များဟု ဆိုကာ အကြမ်းဖက် KIA/PDF တို့က အခွန်ငွေ သိန်း ၂ ထောင်အခွန်တောင်းခံခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ကောက်ခံသော ငွေ သိန်း ၂ ထောင်မပေးနိုင်သည့်အတွက် ကားများကို မီးရှို့ဖျက်ဆီးလိုက်ကြပြီး၊ ဟိုပင်နှင့် မိုးညှင်းအခြေစိုက်တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဆိုကာ မီဒီယာများပေါ်တွင် ၀ါဒဖြန့်နေမှုများရှိကြောင်း မြေသယ်ကားယာဉ်မောင်းများနှင့် မိုးညှင်းဒေသခံများထံက သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22167

PAN