ပေပင်ကုန်းတောရကျောင်းတိုက် ဆရာတော်အား ၅ ရက်အတွင်း ကျောင်းတိုက်မှ ထွက်ခွာရန် အကြမ်းဖက် PDF အဖွဲ့မှ နှင်ထုတ်


ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စုအတွင်းရှိ ပေပင်ကုန်းတောရကျောင်းတိုက်ဆရာတော်ကို အကြမ်းဖက် PDF အဖွဲ့က ကျောင်းတိုက်မှနှင်ထုတ်နေကြောင်း သိရှိရသည်။

အဆိုပါ‌ တောကျာင်းဆရာတော်ကို ၅ ရက်အတွင်း ကျောင်းတိုက်မှ အပြီးထွက်ခွာပေးရန် ဝင်္ဂပါ‌ပြောက်ကျားအမည်ခံ PDF အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်နှင်ထုတ်နေကြောင်းသိရပြီး အဆိုပါပြောက်ကျား ဗိုလ်ရာဇ(ခ)ပြေဝင်း(ဦးဆောင်ခေါင်းဆောင်)၊ အောင်ကြည်ငြိမ်း၊ ထွန်းလင်းအဖွဲ့မှ ယမန်နေ့က ဆရာတော်ကို ခြိမ်းခြောက်နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ၎င်းဘန့်ဘွေးကျေးရွာအုပ်စုအတွင်းက လက်ပန်ကျေးရွာကျောင်းတိုင်ဆရာတော်ကိုလည်း ကျောင်းတိုက်အတွင်းကနှင်ထုတ်မည် ဟုသောသတင်းများမတ်လအတွင်းမှာ ထွက်ပေါ်လာခဲ့သလို ၎င်းကျေးရွာနေကလေးငယ် ၂ ဦးသည်လည်း ရိုးစာကောက်ပင်ရိတ်သိမ်းရာ အကြမ်းဖက် PDF အဖွဲ့၏ တိုက်မိုင်းနင်းမိ၍ သေဆုံးခဲ့ရပြီး ရေချိုနေသောအမျိုးသား ၁ ဦး ၎င်းအကြမ်းဖက်အဖွဲ့၏ လက်လုပ်စိန်ပြောင်းကျည် တည့်တည့်ထိမှန်၍ ခန္ဓာကိုယ်တစစီဖြစ်ကာ သေဆုံခဲ့ရကြောင်း၊ ယမန်နှစ်ကလည်း ၎င်းတို့ကန့်သတ်ထားသော လမ်းကို တောင်သူများသွားမိ၍ မိုင်ဆွဲခွဲရာ ၁ ဦးနေရာတင်သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22166

PAN