ဆဋ္ဌမအကြိမ် သီတဂူစက္ခုဒါန အလှူတော်အစီအစဉ်ကို မေလအတွင်း ဆောင်ရွက်မည်


ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း)မြိုနယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှာ ဆဋ္ဌမအကြိမ် သီတဂူစက္ခုဒါန အလှူတော်အစီအစဉ်ကို မေလအတွင်း ဆောင်ရွက်သွားမယ်လို့ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) စီမံအုပ်ချုပ်ရေးအဖွဲမှ သိရပါတယ်။

အဆိုပါ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှာ စီစဉ်ဆောင်ရွက်မည့် ဆဋ္ဌမအကြိမ် သီတဂူစက္ခုဒါန အစီအစဉ် အတွက် ရန်ကုန်တိုင်းဒေသကြီးသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ မျက်စိရောဂါ ဝေဒနာရှင်များ လာရောက်စာရင်း ပေးသွင်းနိုင်ပြီး ၎င်းဝေဒနာရှင်အားလုံးကို သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည့်အပြင် မျက်စိရောဂါ ဝေဒနာရှင်များ၏ နေထိုင်စားသောက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် စက္ခုဒါနအလှူတော်အစီအစဉ်မှာ ပါဝင်ပြီး စမ်းသပ်ခွဲစိတ်ကုသမှု ခံယူလိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြိုနယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)စာကြည့်တိုက်ရုံးခန်းသို့ ကိုယ်တိုင်ဖြစ်စေ ဝေဒနာရှင် ကိုယ်စား တစ်စုံတစ်ယောက်မှဖြစ်စေ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။

လာရောက်စာရင်းပေးသွင်းရာမှာ မျက်စိရောဂါဝေဒနာရှင်၏ အမည်၊ အဖအမည်၊ နေရပ်လိပ်စာ၊ အသက် မှတ်ပုံတင်အမှတ်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမှာဖြစ်ပြီး အသေးစိတ်သိရှိလို့ပါက နှင့် ဖုန်း- ၀၉-၄၂၀၀၆၂၂၂၇၊ ၀၉-၄၅၇၇၇၁၃၁၃နှင့် ၀၉-၂၅၉၁၄၇၄၄၆ တို့ထံ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22169

PAN