ရန်ကုန်-ဒွန်မောင်းလေကြောင်းလိုင်းမှ မြန်မာလုပ်သား ၂၀၀ ကျော်ကို ပထမဆုံးအကြိမ်စေလွှတ်ခဲ့


ဧပြီ ၃၀

ထိုင်းနိုင်ငံသို MoU စနစ်ဖြင့် ရန်ကုန်-ဒွန်မောင်းလေကြောင်းလိုင်းမှ မြန်မာလုပ်သား ၂၀၀ ကျော်ကို ပထမဆုံး အကြိမ် စေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံး(Myanmar Labour Attache Office)က ဧပြီလ ၂၉ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ရန်ကုန်-ဒွန်မောင်းလေကြောင်းလိုင်းမှ လေကြောင်းလိုင်းမှ ပထမအကြိမ်အဖြစ် လုပ်သားစေလွှတ်ခြင်း လုပ်ငန်းစဥ်ကို မြန်မာအေဂျင်စီများဖြစ်သည့် Hein Myint Myat Co.,Ltd၊ Human Wave Co., Ltd ၊ Moon Bean Services Co., Ltd၊ Yun Nadi Co., Ltd၊ Htoo Thit Zae Co., Ltd၊ An Emissary For Myanmar Employer Agency Co., Ltd နှင့် Pwint Phoo Aung Co., Ltd တို့မှ ‌ဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါ အေဂျင်စီ ၇ ခုမှ အလုပ်သမား အမျိုးသား ၁၁၆ ဦး နှင့် အမျိုးသမီး ၁၃၀ ဦး စုစုပေါင်း ၂၄၆ ဦး ကို ရန်ကုန် လေဆိပ်မှ MAI နှင့် Air Asia လေကြောင်းလိုင်းများဖြင့် စေလွှတ်ခဲ့ပါတယ်။

ဒါ့အပြင်လေကြောင်းလိုင်းနဲ့ ရောက်ရှိလာတဲ့ အလုပ်သမားများကို ဆေးစစ်မှုဆောင်ရွက်ခြင်း၊ ဗီဇာ ကိစ္စများ ဆောင်ရွက်ခြင်း၊ Work Permit ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်အသိပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြပါတယ်။ အေဂျင်စီများအနေနဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို အနည်းဆုံး ၁ဝ ရက် ကြိုတင်တင်ပြရမှာဖြစ်ပြီး အလုပ်သမား နာမည်စာရင်း၊ လေကြောင်းလိုင်းအမည်၊ လေယာဉ်အမှတ်၊ လေယာဉ်အချိန်တိုကိုလည်း ပြည့်စုံစွာတင်ပြရမှာ ဖြစ်ပါတယ်။

မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို မြန်မာ MOU လုပ်သားများ စေလွှတ်ရာမှာ အခက်အခဲများ ရှိလာတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်မှစတင်ပြီး ၎င်းလမ်းကြောင်းမှ MOU လုပ်သား စေလွှတ်ခြင်းကို ယာယီ ရပ်ဆိုင်းခဲ့ပြီး ရန်ကုန်-ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်ခွင့်ပြုခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှာ Video conferencing စနစ်နဲ့ ကျင်းပခဲ့တဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ ညွှန်ကြား ရေးမှူးချုပ်များအဆင့် အစည်းအဝေးမှာ MOU စနစ်နဲ့ အလုပ်သမားစေလွှတ်ခြင်းကို ရန်ကုန်-ဒွန်မောင်း လေဆိပ်များ မှာ ဆောင်ရွက်သွားလာနိုင်ရေး နှစ်နိုင်ငံသဘောတူညီခဲ့ကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22165

PAN