ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံများသို့ ယခုနှစ်မေလအတွင်း တရုတ်သမ္မတသွားရောက်မည်


ဧပြီ ၃၀

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ်မေလ ၅ ရက်မှ ၁၀ ရက်အထိ ပြင်သစ်နိုင်ငံ၊ ဆားဘီးယားနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံများသို သွားရောက်ရန် စီစဉ်ထားကြောင်း တရုတ်အစိုးရမီဒီယာများက ဧပြီလ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဥရောပသုံးနိုင်ငံခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် အတွက် ငါးနှစ်တာကာလအတွင်း ပထမဆုံးဥရောပခရီးစဉ်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား တင်းမာမှုများရှိနေစဉ် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံများသို့ သွားရောက်ရန် တရုတ်သမ္မတက စီစဉ်ထားခြင်းဖြစ်သည်။

ပြင်သစ်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးသည် ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ နှစ်နိုင်ငံကြားတွင် ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နှင့်တရုတ်တို့ကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရေးအတွက် ကြိုးစားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဥရောပခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင် သည် ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံများသို ဝင်ရောက်၍ သက်ဆိုင်ရာခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22170

PAN