ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာလေဆိပ်တည်ဆောက်ရန် ယူအေအီးနိုင်ငံစီစဉ်


ဧပြီ ၃၀

ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာလေဆိပ်အဖြစ် သတ်မှတ်နိုင်မည့် လေဆိပ်သစ်ကို ဒူဘိုင်းမြို၌ လာမည့် ၁၀ နှစ်အတွင်း တည်ဆောက်ရန် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံက စီစဉ်ထားကြောင်း သိရသည်။

အယ်လ်မက်ခ်တွမ် အမည်ရှိ အဆိုပါနိုင်ငံတကာလေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ယူအေအီးအစိုးရက ကြေညာထားသည်။

တည်ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးချိန်တွင် အယ်လ်မက်ခ်တွမ်လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်သန်းပေါင်း ၂၆၀ ထိ ဝန်ဆောင်မှုပေးနိုင်သော ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာလေဆိပ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

အယ်လ်မက်ခ်တွမ် နိုင်ငံတကာလေဆိပ်သည် လက်ရှိအသုံးပြုနေသော ဒူဘိုင်းနိုင်ငံတကာ လေဆိပ်ထက် အရွယ်အစားအားဖြင့် ငါးဆပိုမိုကြီးမည်ဖြစ်ကြောင်း ယူအေအီးအစိုးရက ကြေညာ ထားသည်။

အယ်လ်မက်ခ်တွမ် လေဆိပ်တွင် မျဉ်းပြိုင်လေယာဉ်ပြေးလမ်းငါးလမ်းနှင့် ဂိတ်ပေါက် ၄၀၀ အထိ ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တည်ဆောက်မှုလုပ်ငန်းများ ပြီးဆုံးချိန်တွင် ဒူဘိုင်းနိုင်ငံတကာလေဆိပ်၏ လုပ်ငန်းတာဝန်များကို အယ်လ်မက်ခ်တွမ်လေဆိပ်သစ်သို့ လွှပြောင်းပေးမည် ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews/22170

PAN