Online Appointment ရယူနိုင်ရန်လိုအပ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထပ်မံအသိပေး


ဧပြီ ၃၀

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအပါအဝင် ကောင်စစ်ကိစ္စများဆောင်ရွက်နိုင်ရန်အတွက် သံရုံးသိုကြိုတင်၍ Online Appointment ရယူရန်လိုအပ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထပ်မံအသိပေးကြေညာထားကြောင်း သိရပါတယ်။

မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင် ရာကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ကောင်စစ် ဆိုင်ရာကိစ္စရပ်များအတွက် သံရုံးသို လစဉ်လာရောက်သူ နိုင်ငံသားဦးရေထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို သက်တမ်းတိုး လျှောက်ထားမှုများ သည်လည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်းနှင့် အချိုရက်များတွင် သံရုံးသိုလာရောက်သူအရေအတွက်သည် ကောင်စစ်အဆောက်အအုံမှ လက်ခံနိုင်သည့် လူဦးရေထက် များစွာ ကျော်လွန်ခဲ့ သည့်အတွက် လာရောက်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် အချိန်ပေးစောင့်ဆိုင်းရမှုများရှိကြောင်း သံရုံးက ရေးသား ထားပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဧပြီလ ၁ ရက် (တနင်္လာ) နေ့မှစ၍ သံရုံးသို ကောင်စစ်ကိစ္စရပ်များ (ဗီဇာလျှောက်ထားမှုမပါ) ဆောင်ရွက်ရန်အတွက် လာရောက်ရာတွင် Online Appointment ကြိုတင်ရယူသည့်စနစ်သို ပြောင်းလဲဆောင်ရွက်သွားမယ်လို မတ်လအတွင်း သံရုံးက အသိပေး ထားပါတယ်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဧပြီလ ၂၆ ရက်တွင်လည်း မြန်မာသံရုံး တိုကျိုမြိုအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိ နေကြသော မြန်မာနိုင်ငံသားများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်၍ သံရုံးသို လာရောက်ရာတွင် Online Appointment ကြိုတင်ရယူသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ထပ်မံ အသိပေးလာပြီး Online Appointment စနစ်သို ပြောင်းလဲရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် မြန်မာနိုင်ငံသား များလည်း ရှိပါတယ်။

ဆက်လက်၍ နိုင်ငံသားများအနေဖြင့် ကောင်စစ်ကိစ္စများဆောင်ရွက်ရန်အတွက် သံရုံးသို လာရောက်ရာတွင် Online Appointment ကြိုတင်ရယူပြီးမှသာ မိမိ Appointment ရရှိသည့် နေ့ရက်နှင့် အချိန်တွင် လာရောက်ရန်လိုအပ်ကြောင်း လည်း ထပ်မံအသိပေးထားပြီး Online Appointment ပြုလုပ်ခြင်းကို http://www.myanmar-embassy-tokyo.net/ 2024/ onlineappointment/onlineappointment.htm လင့် (သိုမဟုတ်) QR Code တွင် ပြုလုပ်နိုင်ကြောင်းသိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22173

PAN