သီလဝါ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်


(ပြည်တွင်း) ဧပြီ ၂၀

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု အနေနဲ့ အရင်နှစ်တွေကထက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ သန်း တိုးတက်လာခဲ့တယ်လို သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်၊၊

ဇုန်အတွင်းရှိကုမ္ပဏီတွေက ပြည်ပကနေ ကုန်ကြမ်းတင်သွင်းပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်တွင်းမှာ ပြန်လည်ရောင်းချတာတွေအပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချတာတွေကိုလည်း ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်၊၊

သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ပြည်ပကိုတင်ပို့တဲ့ပမာဏာဟာ နိုင်ငံရဲ့တင်ပို့မှု ၂ ရာခိုင်နှုန်းလောက် ဆောင်ရွက် နိုင်ခဲ့တဲ့အပြင် ဆိုလာပါဝါနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကနေ စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ကုမ္ပဏီ ၅ ခုက ဆိုလာပါဝါတွေကို ထုတ်လုပ် နေတယ်လို သိရပါတယ်၊၊

Telegram Link>>…
https://t.me/positiveanglenews/21859?single

PAN