ဟာရီကိန်းအတွက် ကျန်ရှိနေသေးတဲ့ ဆုဖလားတစ်ခု


ဧပြီ ၁၉

ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ပါတယ်။

ဒီရာသီမှာ ပြည်တွင်းဖလား ၂ လုံးကို လက်လွှတ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ် ဆုဖလားက တစ်လုံးတည်းသော မျှော်လင့်စရာ ဖလား ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှုး ဟာရီကိန်း အတွက်လည်း မျှော်လင့်စရာ ဆုဖလားဆိုလို့ ချန်ပီယံလိဂ်ဆုဖလားသာ ရှိပါတော့တယ်။ ဟာရီကိန်း ဟာ စပါးအသင်းကစားသမားဘဝမှာ အကောင်းဆုံးဒုတိယတွေနဲ့ ကျေနပ် ခဲ့ရတာဖြစ်ပြီး ဆုဖလားရရှိရန်သေချာစေမယ့် ဂျာမန်ဘွန်ဒက်လီဂါလိဂ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို လက်ရှိချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါက ဖလားမဲ့ရာသီနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21827

PAN