ဝါးဒတ်ကွင်းကျေးရွာနေ ပြည်သူစစ်အဖွဲ့ဝင်ဟောင်း ၁ ဦး ပစ်ခတ်ခံရ


ဧပြီ ၁၉

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာနေ အမျိုးသား ၁ ဦးပစ်ခတ်ခံရကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာနေသူ ဦးအောင်ဇော်ဦး(ခ)ဖိုးလုံး၊ ၅၇ နှစ်သည် ဝါးဒတ်ကွင်းကျေးရွာရှိ လဘက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ အကြမ်းဖက်သမားကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်ဇော်ဦး၏ ဝဲဘက်ပေါင်ရင်း ဆီးခုံအစပ်နီး ၁ ချက် (စိုးရိမ်ရ)၊ ယာဘက်ညိုသကျည်း ၁ ချက် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူသည် ပြည်သူစစ်အဖွဲ့ဝင်အဟောင်း တစ်ဦးဖြစ်ကြောင်းသိရပြီး သိမ်ဇရပ်ဆေးရုံသို့တင်ပို့၍ ဆေးကုသမှုခံယူ‌နိုင်ရေး သိမ်ဇရပ်ဆေးရုံမှ တဆင့် ပဲခူးဆေးရုံသို့ပို့ဆောင်ရန် စီစဥ်လျက်ရှိကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21837

PAN