(နိုင်ငံတကာ)ဧပြီ ၄
ဂျေရုဆလင်ရှိ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ နေအိမ်အနီးတွင် ဆန္ဒပြသူများနှင့်ရဲများ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် လေးရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် အင်္ဂါနေ့ညပိုင်းတွင် ဝန်ကြီးချုပ်၏ နေအိမ်အနီးသို့ချီတက်ခဲ့ပြီး ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဆန္ဒပြသူများ၏ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ပြုလုပ်ကာ ပိတ်ဆို့ထားသောကြောင့် ဖြတ်ကျော်၇◌န်ကြိုးပမ်းစဉ် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည်။
အတားအဆီးများ ကျော်ဖြတ်ပြီးနောက် ဆန္ဒပြလူအချို့သည် Azza လမ်းရှိ နေတန်ရာဟု၏နေအိမ်အား ဝိုင်းရံ ဆန္ဒပြခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖမ်းဆီးခဲ့သည်။