ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့်အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့်အတွက်ဧပြီလ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို တိုင်းဒေသကြီးမြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး ဦးခင်ဇော် က ပြောကြားထားပါတယ်။
အဆိုပါအိမ်ရာမှာ နေထိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်ကနေ စတင်ရောင်းချ ပေးနေတာ ဖြစ်ပြီး ဧပြီလ ၃၀ ရက်အထိ လျှောက်ထားရမှာဖြစ်တယ်လို သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ တတိယအဆင့်အတွက် တိုက်ခန်း ၅၀၀ နီးပါးကိုငှားရမ်း နေထိုင်ခွင့်ပြုမှာ ဖြစ်ပြီး မဲနှိက်ရွေးချယ်ရာမှာ ပထမအသုတ်တွင် မဲမပေါက်သည့်သူများနှင့် လျှောက်လွှာအသစ်တင်သူများကို ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်တယ်လို သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်ငှားရမ်းခနှုန်းထားနဲ့ ငှားရမ်း နေထိုင် ခွင့်ပြုရန် ကြေညာထားပြီးဖြစ်တယ်လို သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့်မဲပေါက်နေထိုင်ခွင့် ရရှိသူများအတွက် အိမ်လခစပေါ်ငွေ လက်ခံ ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ အိမ်ခန်းပေါင်း ၄၅၀ ကို သော့ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။
သုခဒဂုံပြည်သူ့ အငှားအိမ်ရာရှိ အခန်းများရဲ့ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တိုဖြစ်တယ်လို ကြေညာချက် အရ သိရပါတယ်။
#PAN
Telegram Link
https://t.me/positiveanglenews
