ဧပြီလ ၄
NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့်လမ်းတံတားများကို မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိနိခန့်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်CDFများက တိုက်ခိုက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ CDF အကြမ်းဖက်အလောင်းများနှင့်လက်နက်ခဲယမ်းများရှိကြောင်း သိရသည်။
ယင်းထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် CDF ၃ လောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၅.၅၆ မမကျည် ၁၀၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။
ထို့အတူ ယမန်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ကန်ပက်လက်မြို့နယ် ဖျန်ချောင်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့်အကြမ်းဖက် CDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စနိုက်ပါသေနတ် ၁ လက်၊ လက်လုပ် ၁၂ ဗို့ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၃ တောင့်၊ကျည်အိမ် ၁ ခု၊ ယမ်းတောင့် ၅ တောင့်၊CDF တံဆိပ်ပါပြောက်ကျားယူနီဖောင်း ၂ စုံ တို့ကို သိမ်းဆည်းရမိကြောင်း သိရပသည်။
#PAN
Telegram link
https://t.me/positiveanglenews
